၂၀၂၃ ကမ္ဘာ့ချန်ပီယံရှစ် စကိတ်စီးပြိုင်ပွဲ မြန်မာစကိတ်အားကစားသမား ထက်မြက်နိုင် ဝင်ရောက်ယှဉ်ပြိုင်မည်
ရန်ကုန် ဇန်နဝါရီ ၂၃
၂၀၂၃ ကမ္ဘာ့ချန်ပီယံရှစ် စကိတ်စီးပြိုင်ပွဲ
(Street/Park Skateboarding World Championship 2023) တွင် မြန်မာစကိတ်အားကစားသမား
ထက်မြက်နိုင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
Olympic Solidarity Team ၏ လူငယ်ဖွံ့ဖြိုးရေးစီမံချက်အရ
စကောလားရှစ်အစီအစဉ်တွင် နိုင်ငံ အဆင့်နှင့် ပြည်ပပြိုင်ပွဲများ၌ အမှတ်အများဆုံးရရှိ
သောကစားသမားကိုရွေးချယ်ရာ မြန်မာနိုင်ငံမှ ထက်မြက်နိုင်က ရရှိခဲ့သည့်အတွက် ဇန်နဝါရီ
၂၉ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ ယူအေအီးနိုင်ငံ ရှာရက်မြို့ရှိ စကိတ်ကွင်းတွင် (ယာပုံ)
ကျင်းပမည့် အဆိုပါ စကိတ်စီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
ယင်းပြိုင်ပွဲသည် ၂၀၂၄ ခုနှစ် ပြင်သစ်နိုင်ငံတွင် ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲ၏ ခြေစစ်ပွဲစဉ်
အမှတ်ယူသည့် ပြိုင်ပွဲလည်းဖြစ်သည်။
မြန်မာစကိတ်အားကစားသမား ထက်မြက်နိုင်၏
စရိတ်အားလုံးကို ကမ္ဘာ့အိုလံပစ်ကောင်စီမှ ကျခံမည် ဖြစ်ပြီး ယင်းပြိုင်ပွဲသည် မြန်မာစကိတ်ဘုတ်
အသင်းအတွက် ဒုတိယအကြိမ် အိုလံပစ် အတွေ့အကြုံ တစ်ခုဖြစ်ကြောင်းနှင့် အဆိုပါပြိုင်ပွဲ၏
ဆက်စပ်အစည်းအဝေးများကို ကမ္ဘာ့စကိတ် (မြန်မာ) မှတာဝန်ရှိသူ ကိုပြည့်ဦး တက်ရောက်မည်ဖြစ်သည်။
မြန်မာစကိတ်အားကစားအဖွဲ့သည် ၂၀၂၂ ခုနှစ်
ဒီဇင်ဘာ ၁၇ ရက်က မလေးရှားနိုင်ငံ မလက္ကာမြို့၌ ကျင်းပသည့် မလက္ကာအလွတ်တန်းစကိတ် အမြန်စီး
ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံ ကိုယ်စားပြု စကိတ်အားကစားသမား
နှစ်ဦးက ရွှေတံဆိပ်လေးခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
အာကာစိုး
No comments