ဂျပန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၂၅၇၁ ဦး ထပ်မံတွေ့ရှိ



ဇန်နဝါရီ ၂၄

ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၂၅၇၁ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ယမန်နေ့က ၂၅၃ ဦး သေဆုံးခဲ့သည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။

မြို့တော် တိုကျိုတွင် ထိုရောဂါကူးစက်ခံရသူ ၂၆၇၇ ဦး ထပ်မံတွေ့ရှိခဲ့ရာ ပြီးခဲ့သည့်သီတင်းပတ် ရောဂါကူးစက်မှုမှ ၁၇၅၆ ဦးလျော့ကျလာကြောင်း ဖော်ပြထားသည်။

မြို့တော်တွင် ယင်းရောဂါဖြင့် ၃၁ ဦး သေဆုံးခဲ့ရာ ဇန်နဝါရီ ၂၂ ရက်က သေဆုံးမှုမှ နှစ်ဦးလျော့ကျလာခြင်းဖြစ်သည်ဟု ထိုဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.