မိုးကောင်းမြို့၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုအခြေခံသင်တန်း ဖွင့်လှစ်




မိုးကောင်း ဇန်နဝါရီ ၁၆


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်တွင် လယ်ယာသုံးစက်ကိရိယာများ ကျွမ်းကျင်စွာအသုံးချနိုင်ရေးအတွက် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှုအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ကို အမှတ်(၅၅) စက်မှုလယ်ယာစခန်း၌ ဇန်နဝါရီ(၁၆)ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ် သင်ကြားလျက်ရှိသည်။


ထိုသင်တန်းကို မိုးကောင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား (၃၀)ဦး တက်ရောက်သင်ယူပြီး သင်တန်းကာလမှာ ဇန်နဝါရီ(၁၆)ရက်မှ (၂၉)ရက်ထိဖြစ်ကြောင်း သိရသည်။


သင်တန်းတွင် ထွန်စက်ကြီးနှင့် ထွန်ယက်ကိရိယာဘာသာရပ်၊ လက်တွန်းထွန်စက် ဘာသာရပ်၊ စက်မှုလယ်ယာ၊ စနစ်တကျလယ်ယာမြေဖော်ထုတ်ခြင်း၊ ထွန်စက်နှင့် ထွန်ယက်ကိရိယာထိန်းသိမ်းမှုဘာသာရပ်တို့ကို မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှနည်းပြများက စာတွေ့လက် တွေ့ ပို့ချသင်ကြားမည်ဖြစ်ကြောင်း သိရသည်။


သန်းလွင်ဦး(ပြန်/ဆက်)




No comments

Powered by Blogger.