နေပြည်တော်၊ ဇန်နဝါရီ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်
(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊
ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်
တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် အနောက်မြောက် တိုင်းစစ်ဌာနချုပ်
လဟယ်မြို့ရှိ နယ်မြေခံ တပ်နှင့် ဟုမ္မလင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုများအား
သီးခြားစီ တွေ့ဆုံအမှာစကားပြောကြားသည်။
နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု
ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာ၌
လဟယ်ဒေသသည် ဝေးလံသည့် ဒေသတစ်ခုဖြစ်ပြီး ဝေးလံခေါင်ဖျားသည့် ဒေသတွင် တာဝန်ထမ်းဆောင်မှုအတွက်
ဂုဏ်ယူပါကြောင်း၊ လဟယ်ဒေသရှိ နယ်မြေခံတပ်နှင့် ဟုမ္မလင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊
မိသားစုများနှင့် ထပ်မံ တွေ့ရှိရသည့်အတွက် ဝမ်းမြောက်ပါကြောင်းဖြင့် ဦးစွာပြောကြားပြီး
မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲခဲ့မှု အခြေအနေများ၊ နိုင်ငံတော်တွင်
ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး
တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကြောင့်
ဖြစ်ပေါ်ခဲ့ရသည့် အကျပ်အတည်းများနှင့် နိုင်ငံရေးအမြတ် ထုတ်လိုသူများ၏ သွေးထိုးလှုံ့ဆော်မှု
များကြောင့် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်ဖြစ်ရပ်များကို ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်း
ဆောင်ရွက်နေမှု အခြေအနေများနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက်
မူဝါဒများ၊ ဦးတည်ချက်များ ချမှတ်၍ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများ နှင့် ပတ်သက်၍
အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆက်လက် ပြောကြားရာတွင် နိုင်ငံတော်တာဝန်များ ထမ်းဆောင်ခြင်း
မပြုမီ အချိန်ကတည်းကပင် နိုင်ငံတော် ၏ စီးပွားရေးမှာ ကျဆင်းလျက်ရှိသကဲ့သို့ ကိုဗစ်
- ၁၉ ရောဂါဖြစ်ပွားမှုကြောင့်လည်း ကမ္ဘာ့နိုင်ငံများတွင် စီးပွားရေးကျဆင်းမှု နှင့်အတူ
မိမိတို့နိုင်ငံသည်လည်း စီးပွား ရေး ကျဆင်းခဲ့ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားရေး
ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခက်အခဲ၊ အကျပ်အတည်းများကြားမှ နည်းလမ်း ပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး
ပြည်တွင်းကုန် ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ခဲ့ ကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေး
လုပ်ငန်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ် လုပ်မှုများနှင့်
အသေးစား၊ အလတ်စား နှင့် အငယ်စား (MSME) လုပ်ငန်းများ ကို အားပေးဆောင်ရွက်ခဲ့ခြင်းကြောင့်
လက်ရှိအချိန်တွင် နိုင်ငံ၏ စီးပွားရေးသည် အတိုင်းအတာ တစ်ခုအထိ တိုးတက်လာ ပြီဖြစ်ကြောင်း။
စွမ်းရည်၊ စွမ်းအားရှိသည့် တပ်များဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်
တပ်မတော်၏ မူလတာဝန်သည် နိုင်ငံတော်ကာကွယ်ရေး
တာဝန်ကို ထမ်းဆောင်ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်အတွက်
စွမ်းရည်သုံးရပ်ဖြစ်သည့် စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်နှင့် အုပ်ချုပ်ရေး စွမ်းရည်များ
ပြည့်ဝနေရန်လိုကြောင်း၊ စွမ်းရည်များ တိုးတက်စေရေးအတွက် အမြဲလေ့ကျင့်နေရမည်ဖြစ်ပြီး
စွမ်းအားများ တိုးတက်စေရေးအတွက်လည်း တပ်မတော်ကို အဆင့်မြှင့်တင်ခြင်းများ အမြဲမပြတ်
ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဦးချင်း စွမ်းရည်များ တိုးတက်စေရန်အတွက် ဝတ်စားဆင်ယင်မှု၊
နေထိုင်မှု၊ သွားလာမှုများကို စနစ်တကျဖြင့် ဆောင် ရွက်မည်ဆိုပါက စွမ်းရည်ရှိသည့် တပ်ဖြစ်လာမည်ဖြစ်ကြောင်း၊
ထို့ကြောင့် အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး စနစ် တကျဖြင့် နေထိုင်ဆောင်ရွက်ပြီး
စွမ်းရည် ရှိသည့် တပ်တစ်ခုဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ ထို့ပြင် ဒေသခံတပ်များဖြစ်သည့်အတွက်
ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် အတူတကွ ပူးပေါင်း၍ စည်းလုံးညီညွတ်စွာဖြင့်
ဒေသ၏ ကောင်းရာကောင်းကျိုးများကိုလည်း စွမ်းဆောင်ပေးနိုင်ရမည် ဖြစ်ကြောင်း၊ တပ်တွင်း
စည်းလုံးညီညွတ်ရေးအတွက်လည်း အထက်အောက်ညီညွတ် မျှတသည့် အုပ်ချုပ်မှုပုံစံနှင့် စစ်သည်များ၏
ရပိုင်ခွင့်နှင့် အခွင့်အရေးများကို ပြည့်ဝစွာရရှိစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်ပြီး လူမှု ဘဝတိုးတက်ရေး ဆောင်ရွက်ကြရမည
်
ထို့ပြင် မိမိဘဝအတွက် အကျိုးမရှိသည့်
အရက်သေစာ သောက်စားခြင်းများ ကိုလည်း တတ်နိုင်သမျှအသိတရားဖြင့် ထိန်းသိမ်းကြရန်လိုကြောင်း၊
အလားတူ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဆေးလိပ်နှင့် ကွမ်းသုံးစွဲမှုများကိုလည်း
ရှောင်ကြဉ်ကြရန်လိုကြောင်း၊ နေထိုင် စားသောက်မှုများ အဆင်ပြေစေရေးအတွက် တပ်မတော်မှ
စီမံဆောင်ရွက်ပေး ထားသကဲ့သို့ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင်
စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကိုလည်း အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊
ဝတ်ရေးနှင့် နေရေးအတွက်လည်း ဖြည့်ဆည်း ဆောင်ရွက်ပေးထားပြီးဖြစ်သဖြင့် မိမိတို့နေထိုင်သည့်
နေအိမ်များ ရေရှည်တည်တံ့ရေး အတွက်လည်း စည်းကမ်းစနစ်တကျဖြင့် ထိန်းသိမ်း နေထိုင်သွားရန်လိုကြောင်း၊
တပ်မတော်မှ စစ်သည်၊ မိသားစုတစ်ဦးချင်းစီ၏ အခြေခံ လိုအပ်ချက်များကို တတ်နိုင်သရွေ့ ဖြည့်ဆည်း
ဆောင်ရွက်ပေးထားပြီး ဖြစ်သဖြင့် မိမိဘဝကို မိမိမြှင့်တင်ရန် မိမိ ကိုယ်တိုင် ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း။
မိမိတို့ဘဝတိုးတက်ရေးကို အထောက် အကူပြုစေမည့်
ဗဟုသုတများရရှိစေရန် စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာ နေရန်လိုကြောင်း၊ တပ်ရင်း၊ တပ်ဖွဲ့
အသီးသီးရှိ စာကြည့်တိုက်များ၌ စာအုပ် စာစောင်များ အမြဲမပြတ်ရရှိစေရန် စီမံ ဆောင်ရွက်ပေးထားပြီး
ဖြစ်ကြောင်း၊ ဘဝတိုးတက်စေရေး အမြဲမပြတ်ကြိုးပမ်း ဆောင်ရွက်နေကြရန်လိုကြောင်း၊ မိမိတို့
သားသမီးများ၏ ပညာရည်မြင့်မားရေး အတွက်လည်း အားပေးဆောင်ရွက်ကြ ရန်လိုကြောင်း၊ သို့မှသာ
၎င်းတို့၏ ဘဝ တိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ကြ မည်ဖြစ်ကြောင်း၊ သားသမီးများ၏ ပညာ ရည်မြင့်မားရေးအတွက်
အားပေး ဆောင်ရွက်၍ မိဘကောင်းများဖြစ်အောင် ဆောင်ရွက်ကြစေလိုပြီး ကောင်းမွန်သည့် ပညာအမွေကို
ပေးနိုင်ရမည်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်
ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက်
စားသောက်ဖွယ်ရာ ပစ္စည်းများကို ပေးအပ်ရာ သက်ဆိုင်ရာ တပ်နယ်အသီးသီးမှ တာဝန်ရှိသူများက
လက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံ
အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် တက်ရောက်လာကြသည့်
အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အရာရှိ၊ စစ်သည်၊
မိသားစုများ၏ တင်ပြချက်များကို လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



No comments