ဆည်ရေသောက်ဧရိယာများအတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှုစွမ်းအား တိုးမြှင့်ရေး ကြိုးပမ်း
နေပြည်တော်၊ ဇန်နဝါရီလ ၁၅
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အရင်းမပျောက် မ,တည်ငွေ ထောက်ပံ့ပေးလျက်ရှိရာ
မကွေးတိုင်းဒေသကြီးတွင် အသားတိုးကြက် (၂၅) ယူနစ်၊ အသားတိုးဝက် (၂၀) ယူနစ်အတွက် စုစုပေါင်း
ငွေကျပ် (၁၀၇၅) သန်းကို ချေးငွေလျာထား ဆောင်ရွက်ထားကြောင်း၊
မွေးမြူရေးလုပ်ကိုင်သူများဘက်က စျေးကွက်နှင့် ကိုက်ညီသော အရည်အသွေးပြည့်
ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းကြရန် ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး ခန်းမတွင် ကျင်းပသည့် နိုင်ငံစီးပွားမြှင့်တင်ရေး
ရန်ပုံငွေမှ အရင်းမပျောက် မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် မွေးမြူရေးလုပ်ငန်းများ
အကောင်အထည်ဖော်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းခြင်း အခမ်းအနားတွင်
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး
က ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းနှင့်
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး တို့က စီမံကိန်းလုပ်ငန်းများ
ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော
မွေးမြူရေး လုပ်ငန်းရှင်များ၊ မွေးမြူရေး တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ်
ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက် ဆွေးနွေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် မွေးမြူရေး
သုတေသနဦးစီးဌာန၊ မွေးမြူရေးသုတေသနစခန်း၏ လုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှုစစ် ဆေးကြပြီး
ဒုတိယဝန်ကြီးက ဒေသမွေးမြူရေးလုပ်ငန်းအတွက်
ထိရောက်စွာ အကျိုးပြုနိုင်မည့် သုတေသန နှင့် နည်းပညာပေးလုပ်ငန်းများ
တိုးမြှင့် ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊
ပြည်လုံးကျော် ကျေးရွာအနီး မွေးမြူရေးဇုန်အဖြစ် အကောင်အထည်ဖော်မည့် မြေနေရာကို
ကြည့်ရှု စစ်ဆေးကြသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ပွင့်ဖြူမြိူ့နယ် မဲဇလီ ဆည်ရေသောက်စနစ်
ထိန်သိမ်းပြုပြင်ခြင်း၊ တောင်မုန်းမြောင်းမကြီး ပေတိုင် (၈၅၀၀၀) ရှိ NIP မြောင်းဘောင် ကျိုးပြတ်မှုမှ ကာကွယ်ရန်
မြေကာနံရံတည်ဆောက်ခြင်း လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးပြီး နွေစပါးဧရိယာများ စိုက်ပျိုးရေ
အပြည့်အဝရရှိရေး စီမံဆောင်ရွက်ပေးရန် လိုအပ်ချက်များကို တာဝန်ရှိသူများကို မှာကြားသည်။
အလားတူ မြို့သစ်မြို့နယ် စွန်ချောင်းရေလှောင်တမံ၏ တမံကြံခိုင်မှုနှင့် စိုက်ပျိုးရေ
သောက်သုံးရေ ပေးဝေနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက သဘာဝဘေး ကြိုတင်ကာကွယ်ရေး၊
တမံကြံ့ခိုင်ရေးအတွက် သတ်မှတ်ချက်များအတိုင်း စနစ်တကျ စစ်ဆေးရန်၊
ရေသောက်ဧရိယာအတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှုစွမ်းအား တိုးမြှင့်ရေး ပူးပေါင်းဆောင်ရွက်ကြရန်
တာဝန်ရှိသူများအားဆွေးနွေးမှာကြားသည်။
အဆိုပါ ရေလှောင်တမံသည် နှစ်စဉ် စိစစ်ဧက (၇၀၀၀) တွင် မိုးစပါး၊ နွေစပါး
စိုက်ပျိုးခြင်းအတွက် စိုက်ပျိုးရေ လုံလောက်ပြည့်ဝစွာ ပေးဝေလျက်ရှိသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည်
ဒေသခံတောင်သူများ ရေအသုံးချသူများအဖွဲ့ (WUG)
များနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးတွဲဘက်
လုပ်ကိုင်ရေး၊ သီးထပ်စွမ်းအားတိုးမြှင့်ရေး ဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments