ပါကစ္စတန်နိုင်ငံအနှံ့ ပိုလီယိုရောဂါ ပပျောက်ရေးလှုပ်ရှားမှု စတင်
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှာရစ်သည်
ပိုလီယိုရောဂါ ပြန်လည်ဖြစ်ပွားလာမှုကို ကျော်လွှားနိုင်ရန် ကြိုးပမ်း အားထုတ်သည့်အနေ
ဖြင့် ဇန်နဝါရီ ၁၅ ရက်က စတင်၍ ပါကစ္စတန်နိုင်ငံအနှံ့ သုံးရက်ကြာ ပိုလီယိုရောဂါ ပပျောက်ရေး
လှုံ့ဆော်လှုပ်ရှားမှုကို စတင်ခဲ့ကြောင်း သိရသည်။
အမျိုးသားရေး စုပေါင်းကြိုးစားမှုဖြင့်
ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအားလုံးက ဖက်ဒရယ်အစိုးရနှင့်အတူ
ရောဂါလုံးဝကင်းစင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။
ကံမကောင်းစွာဖြင့် ပိုလီယိုရောဂါ ပြန်လည်ဖြစ်ပွားသည့် နိုင်ငံများထဲတွင် ပါကစ္စတန်နိုင်ငံလည်း
ပါဝင်ကြောင်း၊ ပြီးခဲ့သည့်နှစ်က ခိုင်ဘာပါ့တွန်ခါဝါပြည်နယ် အနောက်မြောက်ဘက် ဝါဇီရီစတန်ခရိုင်၌
ပိုလီယိုရောဂါ ဖြစ်ပွားသူ ၂၀ ခန့် ရှိကြောင်း ထုတ်ပြန်ထားသည်။
ဆင်ဟွာ

No comments