ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၂၀၂၂ ခုနှစ်တွင် လုပ်ငန်းခွင်နှင့် ဆက်စပ်သော ဖြစ်စဉ်များကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိ

 



ဒါကာ ဇန်နဝါရီ ၃

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၂၀၂၂ ခုနှစ်တွင် လုပ်ငန်းခွင် မတော်တဆမှုများ၊ လုပ်ငန်းခွင်အကြမ်းဖက်မှု၊ ယာဉ်မတော်တဆမှုနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကြောင့် သေဆုံးသူ ၁၀၃၄ ဦးထက် မနည်းရှိပြီး အခြားထိခိုက်ဒဏ်ရာရရှိသူ ၁၀၃၇ ဦးရှိကြောင်း ဒေသဖွံ့ဖြိုးရေး အဖွဲ့အစည်းက ဇန်နဝါရီ ၂ ရက်တွင် ပြောသည်။

 

လုပ်ငန်းခွင်နှင့်ဆက်စပ်သော သေဆုံးသူများအနက် ဆောက်လုပ်ရေးကဏ္ဍမှ ၁၁၈ ဦး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှ ၁၁၂ ဦးနှင့် ပို့ဆောင်ရေးကဏ္ဍမှ ၄၉၉ ဦးဖြင့် အများဆုံး ဖြစ်ကြောင်း သိရသည်။ ထို့အပြင် လုပ်ငန်းခွင်၌ အလုပ်သမားများ သေဆုံးမှုအရေအတွက်သည် ပြီးခဲ့သည့် နှစ်နှစ်နှင့် နှိုင်းယှဉ်ကြည့်ပါက အနည်းငယ်ကျဆင်းလာ စာရင်းအချက်ကြောင်း ဘင်္ဂလားဒေ့ရှ် အလုပ်သမား လေ့လာရေးအဖွဲ့ (ဘီအိုင်အယ်အက်စ်) ၏ အလက်များအရ သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၂၀၂၁ ခုနှစ်တွင် လုပ်ငန်းခွင်နှင့် ဆက်စပ်သော သေဆုံးသူအရေအတွက်မှာ ၁၀၅၃ ဦးရှိသည်ဟု ဆိုသည်။

 

အလုပ်သမား စစ်ဆေးမှုအားနည်းခြင်း၊ အလုပ်သမားများအကြား ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရေး သင်တန်းပေးမှု အားနည်းခြင်းနှင့် သင့်လျော်သည့် လုပ်ခလစာမရရှိခြင်းက နိုင်ငံအတွင်း လုပ်ငန်းခွင်နှင့် ဆက်စပ်သော ဖြစ်စဉ်များ နှင့် အလုပ်သမားဆူပူအုံကြွမှု ဆက်လက်ဖြစ်ပေါ်နေခြင်း၏ အဓိက အကြောင်းရင်းများဖြစ်ကြောင်း အဆိုပါအဖွဲ့အစည်းက ပြောသည်။

 

ဆင်ဟွာ

No comments

Powered by Blogger.