ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းဆောင်ရွက်မှု ၉၅ ရာခိုင်နှုန်းပြီးစီး





နေပြည်တော် ဇန်နဝါရီ ၂၀


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ပိုးစာတောကျေးရွာနှင့် ရွာသာကျေးရွာတို့၌ ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေးရရှိရေး လုပ်ငန်းများကို နိုဝင်ဘာလ စတုတ္ထအပတ်တွင် စတင်ဆောင်ရွက် ခဲ့ရာ ယခုအခါ ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။ 


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ပိုးစာတောကျေးရွာနှင့် ရွာသာကျေးရွာတို့၌ ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေးရရှိရေး လုပ်ငန်းများဖြစ်သည့် လေးလက်မအကျယ် အနက်ပေ ၂၀၀ ရှိ စက်ရေတွင်းလေးတွင်းတူးဖော်ခြင်း၊ ဆိုလာတပ်ဆင်ခြင်းနှင့် ရေမြှုပ်ပန့်တပ်ဆင်ခြင်း၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေကျပ် ၉၅ ဒသမ ၀၆၄ သန်းဖြင့် တင်ဒါအောင်မြင် သည့် Kyaw Zhaw Htet  ကုမ္ပဏီက နိုဝင်ဘာလ စတုတ္ထအပတ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ  ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ဥတ္တရခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးလင်းက ပြောပြသည်။


အဆိုပါ ကျေးရွာနှစ်ရွာ၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေးရရှိရေး လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၉၀၀ အိမ်၊ လူဦးရေ ၂၉၉၅ ဦးတို့ကို အကျိုးပြုပေးနိုင်မှုဖြစ်ကြောင်း၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေများရရှိကာ နေကြာအပါအဝင် ဆီးထွက်သီးနှံများ စိုက်ပျိုးလာနိုင်မှာဖြစ်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာဖြစ်ကြောင်းသိရသည်။


သူသူငြိမ်း

No comments

Powered by Blogger.