တောင်ကိုရီးယားနိုင်ငံ၌ ယာဉ်အစီးရေ ၄၀ နီးပါး ယာဉ်အစုအပြုံလိုက်တိုက်မှုဖြစ်ပွား၊ ၂၅ ဦး ထိခိုက်ဒဏ်ရာရ

 


ဇန်နဝါရီ ၁၆

တောင်ကိုရီးယားနိုင်ငံရှိ အဝေးပြေးလမ်းမပေါ်တွင် ယမန်နေ့ညပိုင်းက ယာဉ်အစုလိုက်အပြုံလိုက် တိုက်မှုဖြစ်ပွားသဖြင့် ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ယွန်ဟပ်သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါယာဉ်တိုက်မှုသည် ဆိုးလ်မြို့တော်အနီးဝန်းကျင်ရှိ ဂျောင်ဂီပြည်နယ်တွင်  ဒေသစံတော်ချိန် ည ၉ နာရီ ၁၅ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယာဉ်အစီးရေ ၄၀ နီးပါး တိုက်မိမှုဖြစ်ပွားခဲ့သည်။

ထိုထိခိုက်ဒဏ်ရာရသူများအနက်  ၂၁ ဦးသည် အနည်းငယ်ထိခိုက်မိပြီး ကုသမှုခံယူနေကြောင်းနှင့် တစ်ဦးမှာ နှလုံးရပ်သွားပြီး အခြားသုံးဦးသည် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းမတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းသည် ထိုလမ်းမပေါ်တွင် နှင်းများအေးခဲနေခြင်းကြောင့်ဖြစ်သည်ဟု ကနဦးအနေဖြင့်ယူဆထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.