ကက္ကူနောက်ကျေးရွာ၌ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုစစ်ဆေး





တောင်ကြီး ဖေဖော်ဝါရီ ၁


ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက Unicef ဖြင့် ပူးပေါင်းကာ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေများရရှိစေရန် ရည်ရွယ်၍ ကျေးလက်ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကက္ကူကျေးရွာအုပ်စု၊ကက္ကူနောက်ကျေးရွာ၌ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဝင်းနှင့် တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများသည် ကျေးလက်ရေရရှိရေးအတွက် ကက္ကူနောက်ကျေးရွာတွင် အရှည်ပေ ၉၂၀၀ ရှိ အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ရေပေးရေးကော်မတီများနှင့် တွေ့ဆုံကာ ဆောင်ရွက်ပြီးဖွံဖြိုးရေးလုပ်ငန်းများကို ရေရှည်တည့်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားခဲ့သည်။


ကက္ကူနောက်ကျေးရွာတွင် အဆိုပါရေရရှိရေးလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၁၈ ဒသမ ၂၇ )သန်း၊ ကျေးရွာပြည်သူထည့်ဝင်ကျပ်(၇ ဒသမ ၈၃ )သန်းကိုအသုံးပြုကာ ဦးစီးဌာနမှ အင်ဂျင်နီယာများနှင့် ကျေးရွာသူကျေးရွာသားများ ပူးပေါင်းကာ ၂၀၂၂ ခုနစ် စက်တင်ဘာလ တတိယအပတ်က စတင်ကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများရာနူန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ကျေးရွာရှိ အကျိုးပြုအိမ်ခြေ (၆၆) အိမ်၊ လူဦးရေ (၂၁၈)ဦးတို့အတွက် နွေရာသီရေရှားပါးမှု ပြသာနာများ ပြေလည်၍သန့်ရှင်းသော သောက်သုံးရေများ ရာသီမရွေးရရှိနေပြီဖြစ်ကြောင်း  တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် မြို့နယ်ဦးစီးမှူး ဦးအောင်နိူင်ဝင်း ထံမှ သိရသည်။


မောင်ခိုင်

No comments

Powered by Blogger.