တောင်အာဖရိကနိုင်ငံ၌ အခြားသောနိုင်ငံများအတွက် ခရီးသွားလာမှုကန့်သတ်ချက်များ ချမှတ်ထားခြင်းမရှိ

 


ဇန်နဝါရီ ၁၁

တောင်အာဖရိကကျန်းမာရေးဝန်ကြီး ဂျိုးဖာလာက ၎င်းနိုင်ငံအတွင်း အိုမီခရွန်မျိုးကွဲ XBB.1.5 ကူးစက်မှုတွေ့ရှိခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားသည့်နိုင်ငံများအတွက် ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များ ချမှတ်ရန် လိုအပ်ခြင်းမရှိကြောင်း ယမန်နေ့ကပြောကြားသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ထိုရောဂါကူးစက်မှုမြင့်မားသည့် မည်သည့်နိုင်ငံအတွက်ဖြစ်စေ ခရီးသွားလာမှုဆိုင်ရာလိုအပ်ချက်များ၊ မည်သည့်ကန့်သတ်ချက်များကိုမျှ ချမှတ်ထားခြင်းမရှိဟု ၎င်းကဆိုသည်။

ဒီဇင်ဘာ ၂၇ ရက်က အိုမီခရွန်မျိုးကွဲ XBB.1.5 ကူးစက်မှုဖြစ်ပွားသူတစ်ဦးကိုတွေ့ရှိခဲ့ကြောင်း ၎င်းက ပြောသည်။

၎င်းတို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုနှင့် စစ်ဆေးကြည့်ရှုမှုတို့ကို တိုးမြှင့်လုပ်ဆောင်ကြရန် အကြံပြုပြောကြားထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ သိပ္ပံပညာရှင်များနှင့်  ပြည်တွင်း၊ ပြည်ပ မည်သည့်နိုင်ငံကိုမဆို ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များချမှတ်ရန် လိုအပ်ခြင်းမရှိကြောင်း အကြံပြုထားသည့် အကြံပေးကော်မတီတို့ဖြင့် ချိတ်ဆက်ထားသည်ဟု ၎င်းကပြောကြားသည်။

ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး၊ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံကြရန် တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.