ကဘူးလ်မြို့တော်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားသဖြင့် ငါးဦးသေဆုံး

 


ဇန်နဝါရီ ၁၂

အာဖဂန်မြို့တော် ကဘူးလ်တွင် ယမန်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အရပ်သားငါးဦးသေဆုံးပြီး အချို့မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ကဘူးလ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကာလစ်ဇာဒရန်က ပြောကြားသည်။

ယနေ့ဒေသစံတော်ချိန် မနက် လေးနာရီဝန်းကျင်က နိုင်ငံခြားရေးဝန်ကြီးဌာနသို့ဦးတည်ရာလမ်းမပေါ်တွင် ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ၎င်းက သတင်းထောက်များကို ပြောသည်။

အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ကနဦးစုံးစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း၊ အခြေအနေကိုအသေးစိတ် မသိရှိရသေကြောင်း ထိုတာဝန်ရှိသူက ပြောကြားသည်။

ထိုဗုံးဖောက်ခွဲတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မည်သည့်အုပ်စုကမှ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ဝန်ခံပြောဆိုခြင်း မရှိသေးပေ။

အစောပိုင်းကမူ ထိုပေါက်ကွဲမှုတွင် လူ ၂၀ သေဆုံးသည်ဟု အချို့သောမီဒီယာများက ဖော်ပြထားကြသည်။

သို့ရာတွင် ထိုတာဝန်ရှိသူက အရပ်သားငါးဦးသေဆုံးပြီး အနည်းငယ်ဒဏ်ရာရရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.