တရုတ်နိုင်ငံ၌ အအေးလှိုင်းအတွက် လိမ္မော်ရောင်အဆင့် သတိပေးချက်ထုတ်ပြန်

 


ဇန်နဝါရီ ၁၃

တရုတ်နိုင်ငံ နေရာအနှံ့အပြားတွင် အပူချိန်ကျဆင်းခြင်း၊ လေပြင်းမုန်တိုင်းတိုက်ခတ်ခြင်းနှင့် နှင်းထူထပ်စွာကျဆင်းခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားပြီး အအေးလှိုင်းကျရောက်နိုင်သည့်အတွက် မိုးလေဝသဆိုင်ရာအာဏာပိုင်အဖွဲ့က လိမ္မော်ရောင်အဆင့် သတိပေးချက်ကို ယနေ့တွင် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဇန်နဝါရီ ၁၃ မှ ၁၆ ရက်အထိ အပူချိန်သည် ၈ မှ ၁၂ ဒီဂရီ ဆဲလ်စီးယပ်သို့ကျဆင်းနိုင်သည်ဟု အမျိုးသားမိုးလေဝသဌာနက သတင်းထုတ်ပြန်ထားသည်။

ရာသီဉတုဆိုးရွားနေစဉ်အတွင်းယာဉ်အန္တရာယ်ဖြစ်ပွားနိုင်သဖြင့် ဂရုစိုက်မောင်းနှင်ကြရန်နှင့် အပူချိန်ကျဆင်းသဖြင့် နွေးထွေးစွာနေထိုင်ကြရန် ပြည်သူများအား ထိုစင်တာက အကြံပြုပြောကြားထားသည်။

တရုတ်နိုင်ငံတွင် မိုးလေဝသ သတိပေးချက်စနစ်၌ အရောင်ဖြင့်ခွဲခြားသတ်မှတ်ထားသည့် အဆင့်လေးဆင့်ရှိကြောင်းနှင့် အနီရောင်သည် အပြင်းထန်ဆုံးရာသီဉတု သတိပေးချက်ကိုကိုယ်စားပြုခြင်းဖြစ်ပြီး ၎င်းနောက်တွင် လိမ္မော်ရောင်၊ အဝါရောင်နှင့် အပြာရောင်အဆင့်တို့ဖြစ်ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.