ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၂ ခုနှစ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် ၆၃ ဦးသေဆုံး

 


ဇန်နဝါရီ ၁၂

ကမ္ဘောဒီးယားနိုင်ငံတွင်  ၂၀၂၂ ခုနှစ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် ၆၃ ဦး သေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ် ထိန်းချုပ်မှုဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါမိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးမှုသည် အစောပိုင်းနှစ်က သေဆုံးသူ ၈၃ ဦးရှိရာမှ ၂၄ ရာခိုင်နှုန်းကျဆင်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ထိုဖြစ်ရပ်ကြောင့် သေဆုံးသူများအပြင် ၂၀၂၂ ခုနှစ်က ဒဏ်ရာရရှိသူ ၅၈ ဦးရှိကြောင်း အမျိုးသားသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးကော်မတီ၏ပြောရေးဆိုခွင့်ရှိသူ ( အင်န်စီဒီအမ် )က ပြောကြားသည်။

အထူးသဖြင့်ကျေးလက်ဒေသများတွင် နေထိုင်သူများသည် မိုးသည်းချိန်၊ မိုးကြိုးပစ်ချိန်တို့တွင် ထိုအန္တရာယ်ကိုရှောင်ရှားရန် နေအိမ်များ၊ အမိုးအကာများအောက်တွင် နေထိုင်သင့်သည်ဟု ၎င်းကသတင်းထောက်များကို ပြောကြားသည်။

ထိခိုက်သေဆုံးမှုအများဆုံးဖြစ်သော ပြည်နယ်များတွင် ယင်းအန္တရာယ်မှကာကွယ်နိုင်ရန်  မိုးကြိုးပစ်ခြင်းမှကာကွယ်သည့် ကိရိယာတပ်ဆင်ပေးရန် အင်န်စီဒီအမ်က စီစဉ်ထားသည်။

မေလမှအောက်တိုဘာလအထိ မိုးရာသီကာလအတွင်း မိုးကြိုးပစ်မှုများ မကြာခဏဖြစ်ပွားခဲ့ကြောင်း ထိုပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသူများအပြင် စက်တင်ဘာနှင့် အောက်တိုဘာလတို့က နိုင်ငံအတွင်းရှိနေရာအများအပြားတွင် မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် ၁၄ ဦးသေဆုံးခဲ့ပြီး မုန်တိုင်းတိုက်ခတ်မှုကြောင့် သုံးဦးသေဆုံး၊ အခြား ၇၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းကဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.