ဘရာဇီးနိုင်ငံမြောက်ပိုင်း၌ သေနတ်ပစ်ကလပ်အတွင်း ပေါက်ကွဲမှုဖြစ်ပွား၊ လေးဦးသေဆုံး
ဇန်နဝါရီ ၁၆
ဘရာဇီးနိုင်ငံမြောက်ပိုင်း ပြည်နယ်မြို့တော် မာနော့တွင် သေနတ်ပစ်ကလပ်တစ်ခုအတွင်း ပေါက်ကွဲမှုဖြစ်ပွားသဖြင့် လေးဦးထက်မနည်းသေဆုံးပြီး တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိကြောင်း ဒေသန္တရမီးသတ်ဌာနက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါပေါက်ကွဲမှုသည် မာနော့မြို့၏အနောက်ပိုင်း ထိုကလပ်၌ မနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုပေါက်ကွဲဖြစ်ပွားရသည့် အကြောင်းအရင်းကို ယခုထိ မသိရှိရသေးကြောင်း ယင်းမီးသတ်ဌာန၏ပြောကြားချက်အရ သိရသည်။
သို့ရာတွင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ ထိုပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသို့ရောက်ရှိချိန်က ပြင်းထန်သည့် ဓါတ်ငွေ့အနံ့ရရှိခဲ့သည်ဟု ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments