ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် နောက်ထပ်သေဆုံးသူ ၄၁၅ ဦးရှိ



တိုကျို    ဇန်နဝါရီ   ၁၅

 

ဂျပန်နိုင်ငံတစ်ဝန်း ဇန်နဝါရီ ၁၅ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူသစ် ၁၀၈၂၈၁ ဦး တွေ့ရှိကြောင်း ဂျပန်ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုဗစ်-၁၉ ရောဂါကြောင့် ထပ်မံသေဆုံးသူ ၄၁၅ ဦးရှိသဖြင့် သေဆုံးသူပေါင်း ၆၂၆၇၉ ဦးရှိပြီ ဖြစ်သည်။ ရောဂါပြင်းထန်ပြီး အီးစီအမ်အို နှလုံး-အဆုတ် အထောက်အကူပြု စက်ကိရိယာ တပ်ဆင်ထားရသူ အရေအတွက်မှာ ၆၇၂ ဦးရှိရာ ယမန်နေ့ကထက် ၂၁ ဦး လျော့နည်းသွားကြောင်း သိရသည်။ တိုကျိုမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူသစ် ၈၂၆၉ ရှိပြီး သေဆုံးသူ ၃၄ ဦးရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

ဆင်ဟွာ

 

No comments

Powered by Blogger.