ဂျာမနီနိုင်ငံ၌ ရထားပေါ်တွင်ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွား၊ နှစ်ဦးသေဆုံး

 



ဇန်နဝါရီ ၂၆


ဂျာမနီနိုင်ငံမြောက်ပိုင်းရှိ ရထားတစ်စီးပေါ်တွင်  ယမန်နေ့က ခရီးသည်များအား ဓားကိုင်ဆောင်ထားသူအမျိုးသားတစ်ဦးက ဓားဖြင့်တိုက်ခိုက်ခဲ့မှုကြောင့် နှစ်ဦးသေဆုံးပြီး အခြားခုနစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။


အဆိုပါဓားဖြင့်တိုက်ခိုက်မှုတွင် သံသယရှိသူ အသက် ၃၃ နှစ်အရွယ် နိုင်ငံမဲ့တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းနှင့် ထိုသံသယရှိသူမှာဒဏ်ရာအနည်းငယ်ရရှိသဖြင့် ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။


ရဲတပ်ဖွဲ့က ထိုတိုက်ခိုက်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုလုပ်ဆောင်လျက်ရှိသည်ဟု ပြောကြားသည်။


ထိုတိုက်ခိုက်မှုသည်  ကီးလ်မြို့မှ ဟမ်ဘတ်မြို့သို့ ရထားခုတ်မောင်းနေစဉ် ည ၃ နာရီ ဝန်းကျင်ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


ဓားဖြင့်တိုက်ခိုက်ခဲ့သူ မည်သူမည်ဝါဖြစ်ကြောင်းကိုမူ အသေးစိတ်ဖော်ပြခြင်း မရှိပေ။


ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.