တပ်ကုန်းမြို့နယ် ဒဟတ်တောကျေးရွာ၌ ကျေးလက်ရေရရှိရေးလုပ်ငန်းဖွင့် ပွဲကျင်းပ

 



တပ်ကုန်း ဇန်နဝါရီ  ၃ 


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်  တပ်ကုန်းမြို့နယ် ထုံးဖိုကျေးရွာအုပ်စု၊ ဒဟတ်တောကျေးရွာ ကျေးလက်ရေရရှိရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ  ၂ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တပ်ကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦစီးဌာန မြို့နယ်ဦးစီးမှူး ဦးရန်နိုင်ရွှေက ဒဟတ်တောကျေးရွာ ကျေးလက်ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းခဲ့ပြီး ကျေးရွာရှိ ရပ်မိရပ်ဖ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။


ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်း၊ နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးမျိုး၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ကျေးလက်ရေရရှိရေးလုပ်ငန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး တာဝန်ရှိသူများက အထိန်းအမှတ် အလံများကို ဒဟတ်တောကျေးရွာရှိ ကျေးရွာသူ/သားများထံသို့ ပေးအပ်ခဲ့ကာ  ကျေးရွာရေသုံးစွဲမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


မောင်ခိုင်

No comments

Powered by Blogger.