ရွှေကူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ သာသနာ (၂၅၀၀) ဘုရားဝင်း၌ ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်







ရွှေကူ ဖော်ဖော်ဝါရီ ၁


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ သာသနာ(၂၅၀၀)ဘုရား ဝင်း၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်ရဲမှူးတင့်နိုင်တို့က ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊စစ်မှုထမ်းဟောင်းများ စုစုပေါင်းအင်အား (၉၀)  ခန့်သည်  ရွှေကူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ သာသနာ(၂၅၀၀) ဘုရား ဝင်း၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ စေတီတော်ကြီးအတွင်းရှိ ရုပ်ပွားတော်(ဆင်းတုတော်) များအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရေသပ္ပာယ်ခြင်း၊ ရောင်ခြည်တော်ဖွင့်ခြင်းများကို  စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။


 မြို့နယ်၊ပြန်/ဆက်

No comments

Powered by Blogger.