ဒုတိယဝန်ကြီး ဦးမြင့်စိုး ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုမိန်းဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
နေပြည်တော် ဇန်နဝါရီ ၂၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုမိန်းမြို့
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သို့ရောက်ရှိပြီး ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍
ဟိုမိန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး မှာကြားကာ လုပ်ငန်းလိုအပ်ချက်ကို
ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဟိုမိန်းမြို့
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ခန်းမ၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍
မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ
ရရှိရေး၊ မိသားစုဝင်ငွေ တိုးပွားရေးအတွက် ရည်ရွယ်ပြီး ကျေးလက်အခြေခံ အဆောက်အအုံ၊
ရေ၊ မီး၊ လမ်း၊ တံတား ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှု၊
နိုင်ငံ့စီးပွား မြှင့်တင်ရေးလုပ်ငန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ
သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်မှုနှင့် ဟိုမိန်းဒေသ ဖွံ့ဖြိုးရေးအတွက်
လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေအနေများကို
ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက ဟိုမိန်းမြို့
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့် တိုက်အတွက် သုတရသ စာအုပ်များကို
လည်းကောင်း၊ ဟိုမိန်းမြို့ အထက်တန်းကျောင်း စာကြည့်တိုက်အတွက် သမဝါယမနှင့်
စီမံခန့်ခွဲမှုပညာတက္ကသိုလ်များက ထုတ်ဝေသော မဂ္ဂဇင်းစာအုပ်များကိုလည်းကောင်း၊ ဝမ်မိုင်၊
မိုက်ပုတ်ခမ်း၊ ဝမ်မိုက်လုပ်လေ ကျေးရွာ (၃) ရွာ၏ ရေရရှိရေးလုပ်ငန်းများနှင့်
စာသင်ကျောင်း ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေကျပ်သိန်း (၃၀၀) ကိုလည်းကောင်း
ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကား
ပြန်လည်ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည်
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့
ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ဟိုမိန်းမြို့၊ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့်
ဟိုမိန်းမြို့ တိုက်နယ်ဆေးရုံတို့ကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါစက်ရုံသည် ဟိုမိန်းမြို့ရှိ နောင်လုံရေကန်မှ
ရေအရင်းအမြစ်ကို အသုံးပြု၍ (၂၀၀) ကီလိုဝပ် တာဘိုင် နှစ်လုံးဖြင့် ဟိုမိန်းမြို့မှ
ရပ်ကွက် (၃) ခု အိမ်ခြေ (၇၀၃) အိမ်ကို (၂၄) နာရီ ဓာတ်အား ပေးလျက်ရှိကြောင်း
သိရသည်။
သတင်းစဉ်
No comments