ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး လမ်းပိုင်းမှ ပျက်စီးနေသည့် လမ်းပိုင်းနေရာများအား ပြန်လည်ပြုပြင်ပေးခဲ့
ကျောက်ဆည် ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး မြို့နယ်အတွင်း ပျက်စီးနေသည့် တံတားများနှင့် လမ်းနေရာများအား ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-လမ်းပိုင်းမှ ပျက်စီးနေသည့် လမ်းနေရာများအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရှိရသည်။
ပြန်လည်ပြုပြင်ပေခဲ့သည့် လမ်းနေရာများမှာ လမ်း၏ (၄.၈၃) ကီလိုမီတာမှ (၆.၀၃) ကီလိုမီတာအတွင်း မူလ(၁.၂)ကီလိမီတာအရှည်၊ (၅.၅)ကီလိုမီတာအကျယ် ကတ္တရာလမ်းမျက်နှာပြင်အား တူးထုတ်ပြီး (၅၀/၁၀၀) မီလီမီတာ ကျောက်ဖြည့်ခင်းကြိတ်ပြီး (၇၅)မီလီမီတာအောက်အရွယ် ကျောက်များဖြင့် (၁၀၀)မီလီမီတာထု အခြေခံအလွှာခင်းခြင်း၊ (၂၅/၅၀)မီလီမီတာကျောက်များဖြင့် (၇၅)မီလီမီတာထု အပွန်ခံလွှာခင်းခြင်း၊ (၃၇.၅) မီလီမီတာထုအဝင် ကတ္တရာလောင်းခြင်းနှင့် ကတ္တရာရေပိတ်အလွှာလောင်းခြင်း၊ လမ်းပုခုံးပြုပြင်ခြင်း လုပ်ငန်းများဖြစ်ပြီး လုပ်ငန်းများကို တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ်(၁၁၁.၇၀)သန်း အကုန်အကျခံကာ မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
No comments