ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် ငွေကျပ် ၄ ဒသမ ၁၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ
နေပြည်တော်
ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊
မိုင်းဆတ်မြို့နယ်တွင် ငွေကျပ် ၄ ဒသမ ၁၃ ဘီလီယံကျော် တန်ဖိုးရှိ
မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ
သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော
ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ
၂၂ ရက် ညနေ ၃ နာရီခွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်း(တောင်ပေါ်)ကျေးရွာအုပ်စု၊ ပူနားကိုကျေးရွာအနီးရှိ
ရာဘာခြံကို သတင်းအရ ရှာဖွေရာ ခြံအတွင်းရှိ တစ်ထပ်တိုက်အတွင်း၌ ကျဘို၊ ကျရှော တို့
၂ ဦးအား ဒေသကာ လတန်ဖိုး ငွေကျပ် ၄ ဒသမ ၁၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား
၆ ဒသမ ၅ သန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁၉၂
ကီလို၊ ပစ္စတို ၁ လက်၊ HK 33 သေနတ် ၁ လက်၊ M-16 သေနတ် ၁ လက်၊ K-12 သေနတ် ၁
လက်၊ တစ်လုံးထိုးသေနတ် ၁ လက်၊ ကျည်မျိုးစုံ ၁,၆၅၀ တောင့်နှင့် လက်ပစ်ဗုံး ၇ လုံးတို့ကို
သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေ အရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား
ဆက်လက်စစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)
No comments