ဂျပန်နိုင်ငံ တိုကျိုမြို့တော်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၉၃၄ ဦး ထပ်မံတွေ့ရှိ

 



ဇန်နဝါရီ ၂၆


ဂျပန်နိုင်ငံ တိုကျိုမြို့တော်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၉၃၄ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြောကြားသည်။


မြို့တော်တွင် ပြီးခဲ့သည့်သီတင်းပတ်က ရောဂါကူးစက်မှုမှ ၃၂၅၃ ဦး လျော့ကျလာကြောင်းနှင့် ကူးစက်သူဦးရေလျော့ကျမှုရှိလာသည်မှာ ရှစ်ရက်ဆက်တိုက်ရှိပြီဖြစ်ကြောင်း သိရသည်။


အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၂၆ ဦး သေဆုံးခဲ့သည်ဟု ထိုဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားသည်။


နိုင်ငံတစ်ဝန်းတွင် ယမန်နေ့က ကိုဗစ်ရောဂါကူးစက်ခံရသူ ၇၉၃၅၄ ဦးရှိပြီး ယင်းရောဂါဖြင့် သေဆုံးသူ ၃၆၈ ဦး ရှိသည်ဟု သိရသည်။


ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.