အမေရိကန်နိုင်ငံ၌ ၂၀၂၂ ခုနှစ်အတွင်း သေဆုံးမှုများသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ဖြစ်နိုင်သည်ဟုဆို

 



ဇန်နဝါရီ ၂၀


အမေရိကန်နိုင်ငံတွင်  ကနဦးဒေတာအချက်အလက်အရ ၂၀၂၂ ခုနှစ်အတွင်း သေဆုံးမှုများသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့်ဖြစ်သည်ဟု မကြာသေးမီက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားပြီးနောက်ပိုင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် လူပေါင်း တစ်သန်းကျော်သေဆုံးခဲ့ကြောင်း ဇန်နဝါရီ ၁၇ ရက်ကထုတ်ပြန်ချက်အရ သိရသည်။


၂၀၂၂ ခုနှစ် အစောပိုင်းဖော်ပြချက်အရ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှုသည်  ပထမနှစ်နှစ်ကထက် တတိယနှစ်တွင် သိသိသာသာနည်းပါးလာသည်ဟု ဖော်ပြထားသည်။


၂၀၂၀ ခုနှစ်တွင် ထိုရောဂါကူးစက်ခံရမှုကြောင့် လူဦးရေ ၃၅၀၀၀၀ ကျော်၊ ၂၀၂၁ ခုနှစ်တွင် ၄၇၅၀၀၀ ကျော်နှင့်  ၂၀၂၂ ခုနှစ်တွင် ၂၆၇၀၀၀ တို့ဖြစ်ကြောင်း ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏ကနဦးဖော်ပြချက်အရ သိရသည်။


နိုင်ငံတစ်ဝန်းတွင် သေဆုံးသူဦးရေ နည်းပါးလာသော်လည်း  ၂၀၂၂ ခုနှစ်အတွင်း သေဆုံးမှုသည် ကိုဗစ်ရောဂါကူးစက်မှုကြောင့် သေဆုံးခြင်းဖြစ်နိုင်ဖွယ်ရှိသည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.