ဖိလစ်ပိုင်နိုင်ငံ၌ လူ ခြောက်ဦးပါ Cessna 206 လေယာဉ်တစ်စင်း ပျောက်ဆုံးနေ



ဇန်နဝါရီ ၂၅

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း အစ္စဘယ်လာပြည်နယ်တွင် လူခြောက်ဦးပါ Cessna 206 လေယာဉ်တစ်စင်း ပျံတက်သွားပြီးမကြာမီ ပျောက်ဆုံးသွားခဲ့ကြောင်း ဒေသန္တရမီဒီယာက ယမန်နေ့နှောင်းပိုင်းက ဖော်ပြထားသည်။

ထိုလေယာဉ်အမြီးပိုင်းနံပါတ် RPC 1174 သည် အစ္စဘယ်လာရှိ ကူအာရန်မြို့လေဆိပ်တွင် ပျံတက်သွားခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါပျောက်ဆုံးလေယာဉ်ပေါ်တွင်လေယာဉ်မှူးအပါအဝင် လူခြောက်ဦးပါရှိကြောင်း ဖိလစ်ပိုင်မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့၏ ဒေသန္တရတာဝန်ရှိသူများက အတည်ပြုထားသည်။

ယင်းအာဏာပိုင်အဖွဲ့က လေကြောင်းရှာဖွေမှုလုပ်ဆောင်ခဲ့သော်လည်း ထိုလေယာဉ်အပျက်အစီးကိုမူ ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ပေ။

ထိုလေယာဉ်ပျောက်ဆုံးနေမှုနှင့်ပတ်သက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို ယနေ့မနက်ပိုင်းတွင်ပြန်လည် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း  သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို


 

No comments

Powered by Blogger.