ပုတီးကုန်းမြို့၌ အာမခံအလုပ်သမားများအား Mobile Medical Unit ဖြင့် နယ်လှည့်ကွင်းဆင်းဆေးကုသပေး

 



သဲကုန်း ဇန်နဝါရီ ၂၄


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်း မြို့၌ ပေါင်းတည်မြို့နယ် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ကြီးမှူး၍ လူမှုဖူလုံရေးရုံး၌ အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံ အလုပ်သမားများအား Mobile Medical Unit ဖြင့် ယနေ့နံနက်ပိုင်းကနယ်လှည့်ကွင်းဆင်း ဆေးကုသပေးလျက်ရှိသည်။


နယ်လှည့် ကွင်းဆင်း ဆေးကုသပေးရာတွင် ဒေါက်တာ ရဲထွဋ်ဟိန်းနှင့် ဆရာ၊ဆရာမများက သဲကုန်းမြို့နယ်ရှိ အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများကို အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆီးချိုရောဂါရှိသူများကိုစစ်ဆေးခြင်း အစရှိသည့် ရောဂါတို့ကို စစ်ဆေးခြင်းများ ပြုလုပ်ပေး၍ အခမဲ့ဆေးဝါးများပေးအပ်ခဲ့ပြီး  ဆေးကုသမှု ဆောင်ရွက်ခဲ့ကြောင်း ပေါင်းတည်မြို့နယ်လူမှုဖူလုံရေးဦးစီးအရာရှိ ဒေါ်သန်းဝင်းကြည်ထံမှ သိရသည်။


မြို့နယ်(ပြန်/ဆက်)



No comments

Powered by Blogger.