Naypyitaw State Academy တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများအတွက် ဆုချီးမြှင့်ပွဲကျင်းပ





နေပြည်တော် ဇန်နဝါရီ ၃


Naypyitaw State Academy တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့်  ကျင်းပသော စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၏ ဆုချီးမြှင့်ပွဲ အခမ်းအနားကို  ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် Naypyitaw State Academy၊ ဘက်စုံခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်(သင်တန်း) ဒေါက်တာစိုးစိုးအောင်က ပြိုင်ပွဲ ကျင်းပရခြင်းအကြောင်းရင်းများကို ရှင်းလင်းပြောကြားပြီး စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများ၊ အားကစားပြိုင်ပွဲ များတွင် ဆုရရှိကြသူများကို ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများက ဆုများ ချီးမြှင့်ခဲ့ကြသည်။


အဆိုပါ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ Naypyitaw State Academy မှ ဒုတိယ ပါမောက္ခချုပ်များ၊ပါမောက္ခ/တွဲဖက်ပါမောက္ခ(ဌာနမှူးများ)၊ ဆရာ ဆရာမများ၊ သင်တန်း/ စီမံမှ တာဝန်ရှိသူများ၊ ဆုရရှိကြသူများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.