အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူများအနက် ၄၃ ရာခိုင်နှုန်းကျော် အိုမီခရွန် XBB.1.5. ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူများဖြစ်
ဝါရှင်တန်၊ ဇန်နဝါရီ ၁၅
အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူများအနက်
၄၃ ရာခိုင် နှုန်းကျော်သည် အိုမီခရွန် XBB.1.5. ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံထားရသူများဖြစ်ကြောင်း
အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ဆိုသည်။
အဆိုပါ ဗိုင်းရပ်စ်ကူးစက်မှုသည် အလွန်လျင်မြန်ပြီး
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ရောဂါထပ်မံ ကူးစက်ခံရသူများအနက် ၄၃ ရာခိုင်နှုန်းကျော်ရှိကြောင်း
ခန့်မှန်းရသည်ဟု အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ဆက်လက်ပြောကြားသည်။
အမေရိကန်နိုင်ငံအတွင်း မူလကူးစက် ပျံ့နှံ့လျက်ရှိသည့်
BQ.1.1 ဗီဇပြောင်း ဗိုင်းရပ်စ်ထက်ပင် အိုမီခရွန် XBB.1.5. ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်သည်
ပိုမိုများပြားလာကြောင်း သိရသည်။ နယူးယောက်ပြည်နယ် အပါအဝင် နိုင်ငံအရှေ့မြောက်ဘက်တွင်
အဆိုပါဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုသည် ၈၀ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့်
ဆေးရုံတက်ရောက် ကုသသူ ပျမ်းမျှနေ့စဉ်အရေအတွက်သည် ၅၈၀၀ ခန့်ရှိပြီး ယခင်ရက်သတ္တပတ် ကထက်
၁၀ ရာခိုင်နှုန်း လျော့ကျသွားသည်။
သို့သော် ဇန်နဝါရီ ၁၁ ရက်အထိ နေ့စဉ်သေဆုံးမှု
ပျမ်းမျှအရေအတွက်သည် ၅၆၀ ဝန်းကျင်ရှိပြီး ယခင်ရက်သတ္တ ပတ်ထက် ၁၇၀ ခန့် မြင့်တက်လာကြောင်း
သိရသည်။
အိုမီခရွန် XBB.1.5. ဗီဇပြောင်း ဗိုင်းရပ်စ်သည်
ခံနိုင်ရည်အားအကောင်းဆုံးသော အမျိုးအစားဖြစ်ပြီး ရောဂါပြင်းထန် လာပါက ကုသပေးရန် တိကျသော
ဆေးဝါးကုသမှုမရှိသေးကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ဆိုသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်
No comments