တောင်အာဖရိကနိုင်ငံ၌ နိုင်ငံခြားခရီးသွားဦးရေ မြင့်တက်

 


ဖေဖော်ဝါရီ ၁

တောင်အာဖရိကနိုင်ငံတွင် ဆိုက်ရောက်၊ ထွက်ခွာများအပါအဝင် ခရီးသွားဦးရေပေါင်း ၂၈၈၁၈၈၇ ရှိပြီး ထိုခရီးသွားများသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ဆိပ်ကမ်းဝင်ပေါက်၊ ထွက်ပေါက်များကို ဖြတ်သန်းသွားလာခဲ့ကြသည်ဟု တောင်အာဖရိကစာရင်းအင်း၏ယမန်နေ့က ပြောကြားချက်အရ သိရသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာနှင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတို့ကြားကာလများကို နှိုင်းယှဉ်ကြည့်လျှင် တောင်အာဖရိကဒေသခံများနှင့် နိုင်ငံခြားခရီးသွား အဝင်၊ အထွက်များ မြင့်တက်လာကြောင်း  ခရီးသွားလုပ်ငန်းက ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နိုင်ငံခြားခရီးသွားဦးရေမှာ ဒီဇင်ဘာလတွင် တစ်နှစ်ထက်တစ်နှစ် ဆိုက်ရောက် ၁၇၉ ဒသမ ၈ ရာခိုင်နှုန်း၊ ထွက်ခွာ ၁၃၅ ဒသမ ၈ ရာခိုင်နှုန်းတို့ မြင့်တက်လာသည်ဟု သိရသည်။

ဒီဇင်ဘာလအတွင်း ဉရောပမှတောင်အာဖရိကနိုင်ငံသို့ ခရီးသွား ၆၄ ဒသမ ၂ ရာခိုင်နှုန်းနှင့် မြောက်အမေရိကမှ ၁၉ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း  ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.