နတ်မောက်မြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲများကျင်းပ
နတ်မောက် ဖေဖော်ဝါရီ ၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို
ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံး ခန်းမတွင် ကျင်းပခဲ့သည်။
မြို့နယ်ပညာရေးမှူး ဦးသန်းထိုက်က
အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ
ဒေါ်ဥမ္မာခင်က ကျောင်းသား/ကျောင်းသူများအား စာပေနှင့် ထိတွေ့၍ အလေ့အကျင့်ကောင်းများ
ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေ ရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ
ထက်မြက်လာစေရန် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို
ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ အနေဖြင့် နေ့ထူးနေ့မြတ်အား အစဉ်အမြဲအမှတ်ရစေရန်နှင့် ပြိုင်ပွဲများနှင့်ပတ်သက်သည့် အမှတ်ပေး စည်းမျဉ်းစည်းကမ်းများကို
ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲများတွင်
အခြေခံပညာရေးကျောင်းများမှ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ
၈၀ တို့က “တွဲလက်ခိုင်ကျည် ပေါင်းစုညီ တို့ညီနောင်ထု ပြည်ထောင်စု” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး
ဆုရကျောင်းသား/ ကျောင်းသူများအား ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်သည်။
လှဝင်း

No comments