ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ အခြေခံမြားပစ် သင်တန်းနှင့်ပြိုင်ပွဲ (၁/၂၀၂၃) ကျင်းပ






နေပြည်တော် ဖေဖော်ဝါရီ ၃


အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာ နိုင်ငံမြားပစ်အဖွဲ့ချုပ်နှင့် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန် နိုင်ငံခြား ဘာသာတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံမြားပစ် သင်တန်းနှင့်ပြိုင်ပွဲ(၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် LRC-103 ၌ကျင်းပသည်။


အခမ်းအနားတွင်  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင် တို့က  အဖွင့်အမှာစကားများ ပြောကြားကြသည်။


ထို့နောက် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍  ရှင်းလင်းတင်ပြသည်။ 


ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် က  ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘောအားကစားနည်းများအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အခြေခံမြားပစ်သင်တန်းအတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းကြသည်။


ထို့နောက် မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်မှ မြားပစ်သရုပ်ပြ ပစ်ခတ်ပြသခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.