တူကီယဲနှင့်ဆီးရီးယားနိုင်ငံတို့တွင် ငလျင်များလှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂၁၀၀၀ ကျော်ရှိလာ
ဖေဖော်ဝါရီ ၁၀
တူကီယဲနှင့်ဆီးရီးယားနိုင်ငံတို့တွင်
ဖေဖော်ဝါရီ ၆ ရက်က ငလျင်များလှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂၁၀၀၀ ကျော်ရှိလာသည်ဟု အာဏာပိုင်များနှင့်ကယ်ဆယ်ရေသမားများ၏နောက်ဆုံးထုတ်ပြန်ချက်အရ
သိရသည်။
အဆိုပါငလျင်လှုပ်ခတ်မှုကြောင့်
တူကီယဲနိုင်ငံတွင် သေဆုံးသူ ၁၇၆၇၄ ဦးနှင့် ဒဏ်ရာရသူ ၇၂၈၇၉ ဦးရှိကြောင်း တူကီယဲဒုတိယသမ္မတ
ဖူအတ်အုပ်တေးက ယမန်နေ့ကပြောကြားသည်။
ဆီးရီးယားနိုင်ငံရှိ အစိုးရထိန်းချုပ်ရာဒေသများတွင်
၁၆၇၈ ဦး သေဆုံးပြီး အတိုက်အခံများထိန်းချုပ်ထားသည့်ဒေသတွင် သေဆုံးသူ ၂၁၉၀ ရှိသည်ဟု
မီဒီယာတွင်ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၆ ရက်က ပြင်းအား
၇ ဒသမ ၇၊ ၆ ဒသမ ၄ နှင့် ၇ ဒသမ ၆ ပမာဏရှိငလျင်များလှုပ်ခတ်မှုဖြစ်ပွားခဲ့သည်။
အဆိုပါငလျင်လှုပ်ခတ်မှုဖြစ်ပွားရာနေရာများသို့
အခြားနိုင်ငံများမှကယ်ဆယ်ရေးနှင့်ရှာဖွေရေးအဖွဲ့များလည်း ရောက်ရှိ လာကြသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments