မွန်ဂိုလီးယားနိုင်ငံ၏ နယ်မြေ ၇၀ ရာခိုင်နှုန်းခန့်၌ ဆီးနှင်းများ ဖုံးလွှမ်း
အူလန်ဘာတာ၊ ဖေဖော်ဝါရီ ၇
မွန်ဂိုလီးယားနိုင်ငံ၏
နယ်မြေ ၇၀ ရာခိုင်နှုန်းခန့်သည် ၆၀ စင်တီမီတာအထူအထိ
ဆီးနှင်းများ ဖုံးလွှမ်းနေကြောင်း ဒေသဆိုင်ရာ
မီဒီယာများက ဖေဖော်ဝါရီ ၆ ရက် တွင် ဖော်ပြသည်။
အဆိုပါ အခြေအနေသည် “ဒီဇဒ်”ဟုခေါ်ဆိုသည့် ပြင်းထန်သော ဆောင်းရာသီ ရာသီဥတု၏ အန္တရာယ်ကို တိုးပွားစေကြောင်း နိုင်ငံ၏အစားအစာ၊ စိုက်ပျိုးရေး
နှင့် အသေးစားစက်မှုဝန်ကြီးဌာန၏ အစီရင်ခံစာကို
ကိုးကား ဖော်ပြထားသည်။
“ဒီဇဒ်”ဆိုသည်မှာ မြေပြင်အေးခဲခြင်း
သို့မဟုတ် ဆီးနှင်းများဖုံးလွှမ်းခြင်းကြောင့် တိရစ္ဆာန်အမြောက်အမြား သေဆုံးစေသည်အထိ
ပြင်းထန်စွာအေးခဲသော ဆောင်းရာသီ၏ အဓိပ္ပာယ်ကို ဖော်ပြသည့် မွန်ဂိုလီးယား ဝေါဟာရတစ်ခုဖြစ်သည်။
နိုင်ငံတစ်ဝန်းရှိ
တိရစ္ဆာန် မွေးမြူသူများသည် ကျွဲနွားတိရစ္ဆာန်များအတွက် သိုလှောင်ထားသော မြက်ခြောက်နှင့်
အစား အစာ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်း ကုန်ဆုံးသွားပြီဖြစ်ပြီး ယခုနှစ် အစပိုင်းမှစကာ
ပြင်းထန်သော ဆောင်းရာသီနှင့် အခြားအကြောင်းများကြောင့်
နိုင်ငံအတွင်း ကျွဲနွား တိရစ္ဆာန်ပေါင်း ၂၃၃၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဝန်ကြီးဌာန၏
အချက်အလက်များအရ သိရသည်။
ဆင်ဟွာ

No comments