(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ နေပြည်တော်သို့ ရောက်ရှိ








နေပြည်တော် ဖေဖော်ဝါရီ ၃


၂၀၂၃ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်မည့် မန္တလေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာယဥ်ကျေးမှုအဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းတွင်လည်းကောင်း၊ ချင်းပြည်နယ်မှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင်လည်းကောင်း၊ ရှမ်းပြည်နယ်နှင့်မွန်ပြည်နယ်တို့မှ တိုင်းရင်း သားရိုးရာယဉ် ကျေးမှု အဖွဲ့ဝင်များသည် ညနေပိုင်းတွင်လည်းကောင်း၊ ခေတ္တတည်းခိုနေထိုင်မည့် နေပြည်တော် လေ့ကျင့်ရေးစခန်း (အားကစားကျေးရွာ)သို့ ရောက်ရှိကြသည်။


အဆိုပါ ယဉ်ကျေးမှုအဖွဲ့များကို ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် အနု ပညာဦးစီးဌာနတို့က  အတီး၊အမှုတ်၊အကများဖြင့် ကြိုဆိုခဲ့ပြီး၊ ခေတ္တတည်းခိုနေထိုင်ရေး အတွက် နေရာထိုင်ခင်းများ၊ စားသောက်ရေးများ စီစဉ်ဆောင်ရွက်ပေးကြသည်။


အဆိုပါယဉ်ကျေးမှုအဖွဲ့များသည် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တက် ရောက်ပြီး ရိုးရာ အဆို၊အကအလှများ ဖျော်ဖြေတင်ဆက်နိုင်ရေးအတွက်  အေးချမ်းပျော်ရွှင်စွာ အကတိုက်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။


တင်စိုးလွင် 

ပြန်/ဆက်(တပ်ကုန်း)

No comments

Powered by Blogger.