ကျိုင်းတုံဒေသ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရန်အတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု
ကျိုင်းတုံ ဖေဖေါ်ဝါရီ ၁၉
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၁၀ နာရီက ကျိုင်းတုံမြို့ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရန်နှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်ရန်အတွက် ကျိုင်းတုံမြို့ ကျိုင်းတုံရေတံခွန်နှင့် သစ်တစ်ပင်တောင်နေရာအား ကွင်းဆင်းကြည့်ရှုကြပြီး ဒေသခံတိုင်းရင်းသားများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများ ပြည်နယ်ဥပဒေချုပ်တို့က ဆေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သူနာပြုသင်တန်းကျောင်းသို့ သွားရောက်ကာ သူနာပြုသင်တန်းကျောင်းရှိ သင်တန်းသူနာပြုဆရာမများအား တွေ့ဆုံ၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သူနာပြုသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ သူနာပြုအုပ် ဆရာမကြီးမှ လက်ခံရယူသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံပြည်သူ့ဆေးရုံအား သွားရောက်၍ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ ဆေးကုသမှုခံယူနေသော လူနာများနှင့် သံဃာတော်၊ ကိုရင်လေးတို့ကို ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ကျိုင်းတုံပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေနှင့် စားစရာပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်တို့က ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)

No comments