တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းပစ္စည်းများ၊ အင်ဂျင် အပိုပစ္စည်းများနှင့် မော်တော်ယာဉ် ဖမ်းဆီးရမိ


နေပြည်တော်  ဖေဖော်ဝါရီ  ၁၉


တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင်   အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၆ ရက်တွင် အေးရှားဝေါလ် ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က ကုန်သေတ္တာတစ်လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော 30cm အရှည်ရှိ Party Popper (၂၈၂၆) ကီလိုဂရမ် အပါအဝင်ကုန်ပစ္စည်း သုံးမျိုးနှင့် သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသော Cake Topper (၁၇၀) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃,၉၅၀,၀၀၀)ကို လည်းကောင်း၊ ဖေဖော်ဝါရီ ၁၇ ရက်တွင် မွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်နှစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသော ထိုင်းနိုင်ငံထုတ် IQ တံဆိပ်ပါ Engine-Mounting (၆၅၀) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး၊ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ထိုင်းနိုင်ငံထုတ် နိုင်လွန်ဇာ (၁၈၀၀) ကီလိုဂရမ် အပါအဝင်ကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၉၄၅,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေ ကျပ်၆၃,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀,၈၉၅,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့အတူ ဖေဖော်ဝါရီ ၁၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြို့နယ်သစ်တောဦးစီးဌာန အသီးသီးအလိုက် ဦးဆောင်သော ပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ်နှင့် အုတ်တွင်းမြို့နယ်များအတွင်း တရားမဝင် ကျွန်းသစ်၊ သစ်မာနှင့် အခြားသစ်မျိုးစုံ(၄၈ ဒသမ ၄၆၀၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၈၀၈,၉၆၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီအရေး ယူ ဆောင်ရွက်လျက်ရှိသည်။


သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၁၆ ရက်၊ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၆,၇၀၃,၉၆၂) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ  သိရသည်။


သတင်းစဉ်






No comments

Powered by Blogger.