ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၁၅၈၄ ဦး ထပ်မံတွေ့ရှိ



ဖေဖော်ဝါရီ ၉

ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၁၅၈၄ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ၂၀၀ ရှိသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

ကျန်းမာရေးအခြေအနေဆိုးရွားသူ ၃၉၈ ဦး ရှိပြီး ၎င်းတို့အနက် ၃၅ ဦးသည် မြို့တော်မှဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုရောဂါထပ်မံကူးစက်ခံရသူများအနက် ၂၆၁၂ ဦးသည် မြို့တော်မှဖြစ်ပြီး ကူးစက်မှုလျော့ကျလာသည်မှာ ၂၂ ရက်ဆက်တိုက်ရှိပြီဖြစ်ကြောင်း သိရသည်။

မြို့တော်တွင် ယင်းရောဂါဖြင့် သေဆုံးသူ ၁၁ ဦးရှိသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.