တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ  ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၅

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်  (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ရင်ပြင်၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ခင်း ကျင်းပြသမည့် အထိမ်းအမှတ်ပြခန်း တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

 

ထို့နောက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အစည်းအဝေးခန်းမ (YACL) တွင် ကျင်းပသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားသည်။

 

အစည်းအဝေးတွင် ဦးဆောင်ကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီးက ယခုအချိန်၌ ပြည်တွင်း၊ ပြည်ပ လေကြောင်းလိုင်းများ အဝင်အထွက် များပြားလာပြီဖြစ်သဖြင့်  တရားမဝင်ကုန်သွယ်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် အထူးဂရုပြု စစ်ဆေးကြပ်မတ်ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း မှာကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် အထူးအဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များက လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တွေ့ကြုံနေရသည့် အခတ်အခဲများကို ရှင်းလင်းတင်ပြကြရာ တင်ပြချက် များအပေါ် ကော်မတီအတွင်းရေးမှူးက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.