ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

 



(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်ထုတ်ပြန်ချက်)


ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါသည်။


ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်


မိုးလေ၀သအ‌ခြေအနေ။ နေရာကွက်ကျား မိုးအနည်းငယ်ထစ်ချုန်းရွာနိုင်ပါသည်။


အမြင်တာ။ (၄)မိုင်၊ မိုးရွာစဉ်(၁)မိုင်ခန့်။


ရေပြင်လေ။ အရှေ့(သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၅ - ၁၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၂၀) မှ (၂၅) မိုင်။


လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။ 


လှိုင်းအမြင့်။ (၄)ပေမှ (၇)ပေခန့်။


ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်


မိုးလေ၀သအ‌ခြေအနေ။ နေရာကွက်ကျား မိုးအနည်းငယ်ထစ်ချုန်းရွာနိုင်ပါသည်။ 


အမြင်တာ။ (၄)မိုင်၊ မိုးရွာစဉ်(၁)မိုင်ခန့်။


ရေပြင်လေ။ မြောက် (သို့)အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် (၅ - ၁၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၂၀) မှ (၂၅) မိုင် ။  


လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။


လှိုင်းအမြင့်။ (၄)ပေမှ (၇)ပေခန့်။


Credit> မိုး/ဇလ

No comments

Powered by Blogger.