ကျောက်ဆည်မြို့နယ်တွင် နွေစပါးသီးနှံ(၅၅၃)ဧက စိုက်ပျိုးသွားမည်ဖြစ်





ကျောက်ဆည် ဖေဖော်ဝါရီ ၁၆


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ နွေစပါးသီးနှံ(၅၅၃)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


နွေစပါးသီးနှံများ စိုက်ပျိုးရာတွင် ဆည်ရေသောက်စနစ်၊ စက်ရေတွင်း(မြေအောက်ရေသောက်) စနစ်များဖြင့် စိုက်ပျိုးသွားမည်ဖြစ်ကာ ဇော်ဂျီဆည်ရေသောက်စနစ် မင်းရဲစိုက်ပျိုးရေပေးမြောင်း၌ (၁၀၀)ဧက၊ သင်းတွဲစိုက်ပျိုးရေပေးမြောင်း၌ (၂၅၀)ဧက၊ တမုတ်စိုက်ပျိုးရေပေးမြောင်း၌ ဧက(၁၅၀) နှင့် စက်ရေတွင်း(မြေ အောက်ရေသောက်) စနစ်၌ (၅၃)ဧက  စုစုပေါင်း (၅၅၃)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


နွေစပါးသီးနှံစိုက်ခင်းများ အောင်မြင်စွာစိုက်ပျိုးနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပြည့်ဝစွာ အလှည်ကျစနစ်ဖြင့်ပေးဝေသွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့်ကိုက်ညီသည့် စပါးမျိုးများနှင့်စိုက်နည်းစနစ်များ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သက်မောင်(ကျောက်ဆည်)

No comments

Powered by Blogger.