အင်ဒိုနီးရှားနိုင်ငံ၌ မြေပြိုမှုဖြစ်ပွား၊ နှစ်ဦးသေဆုံး
ဖေဖော်ဝါရီ ၃
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ဆူလာဝေဆီပြည်နယ်တွင် မုတ်သုံမိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့သောကြောင့် နှစ်ဦးထက်မနည်းသေဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်ဖြစ်ပွားခဲ့သော မြေပြိုမှုများကြောင့် နှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အာဏာပိုင်များက ထိုနှစ်ဦး၏ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီအကြီးအကဲ အမ်ဆန်ပါဒိုလိုက ဒေသခံမီဒီယာကို ပြောကြားသည်။
သဘာဝဘေးထိခိုက်ခံခဲ့ရသည့်ဒေသများကို စုံစမ်းဆောင်ရွက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။
အင်ဒိုနီးရှားနိုင်ငံသည် ဒီဇင်ဘာလနှောင်းပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းထန်စွာတိုက်ခတ်မှုစသည် ရာသီဉတုဆိုးရွားမှုနှင့်ရင်ဆိုင်နေရသည်။ နိုင်ငံအတွင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများအပါအဝင် သဘာဝဘေး အန္တရာယ်များဖြစ်ပေါ်ခဲ့သည်။
နိုင်ငံတစ်ဝန်းတွင် ဇန်နဝါရီမှ ဖေဖော်ဝါရီလအထိသည် သည်းထန်စွာရွာသွန်းသည့်မိုးရာသီကာလဖြစ်သည်ဟု မိုးလေဝသ၊ ရာသီဉတုနှင့် ဘူမိရူပဗေဒဆိုင်ရာ အေဂျင်စီ၏ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments