မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ကော်မရှင်အဖွဲ့ဝင် တွေ့ဆုံ




နေပြည်တော် ဖေဖော်ဝါရီ ၁၄


မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော အဖွဲ့သည် မကွေးဗဟိုအကျဉ်းထောင်နှင့်  မကွေးမြို့ပေါ်ရှိ ရဲစခန်းအချုပ်ခန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည့် ခရီးစဉ်အတွင်း ယနေ့ နံနက်ပိုင်း၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများမှ ကော်မရှင်သို့ ပေးပို့ တိုင်ကြားလာသော တိုင်တန်းချက်များနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ထားရှိမှု၊ ကော်မရှင်မှ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ထောင်၊ ရဲစခန်းအချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးမှု ၊ လူ့အခွင့်အရေးနှင့်စပ်လျဉ်း၍ ကော်မရှင်မှ ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း(UDHR) နှင့် ကော်မရှင်လက်ကမ်းစာစောင်များကို ပေးအပ်သည်။


သတင်းစဉ်

No comments

Powered by Blogger.