ပါကစ္စတန်သမ္မတဟောင်း မူရှာရက်ဖ် အသက် ၇၉ နှစ်တွင် ကွယ်လွန်



ကရာချိ ၊ ဖေဖော်ဝါရီ 

 

အမေရိကန်၌ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်ခံရမှုအပြီး အကြမ်းဖက်မှုကို တိုက်ဖျက်ရာတွင် ပါကစ္စတန်သမ္မတဟောင်း ပါဗက်မူရှာရက်ဖ်သည် များစွာကူညီခဲ့သူဖြစ်သည်။ ယခုအခါ မူရှာရက်ဖ်သည် အသက် ၇၉ နှစ်တွင် ကွယ်လွန်သွားပြီဟု သိရသည်။

 

ကူညီပေးခဲ့

 

ဒူဘိုင်းမြို့ရှိ ဆေးရုံတစ်ခုတွင် ဖေဖော်ဝါရီ ၅ ရက်က မူရှာရက်ဖ် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံပိုင်မီဒီယာနှင့် အခြားသောသတင်း အရင်းအမြစ်များက ပြောသည်။ မူရှာရက်ဖ်သည် ၂၀၀၁ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၏ သမ္မတဖြစ်လာခဲ့သည်။ အကြမ်းဖက်မှုကို နှိမ်နင်းရာတွင် မူရှာရက်ဖ်သည် အမေရိကန်ကို အပြည့်အဝ ကူညီမှုပေးခဲ့သည်။

 

နှိမ်နင်းခဲ့

 

၎င်းသည် ပါကစ္စတန်ရှိ အစွန်းရောက် အုပ်စုများနှင့် အယ်ကိုင်ဒါ စစ်သွေးကြွများကို နှိမ်နင်းခဲ့သည်။ သို့သော်လည်း ၎င်း၏ပြင်းထန်သော နိုင်ငံရေး ရပ်တည်ချက်နှင့် လုံခြုံရေး အခြေအနေများ ယိုယွင်းလာမှုကြောင့် ၎င်းအစိုးရအဖွဲ့သည် ၂၀၀၈ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။

 

ပြည်ပတွင် နေထိုင်ခဲ့ရ

 

၎င်းအပေါ် စွပ်စွဲအပြစ်တင်မှုများ ကြီးထွားလာသည်နှင့်အမျှ သမ္မတရာထူးမှ နုတ်ထွက်ခဲ့ရသည်။ ထို့နောက် ဆေးကုသမှုခံယူရန် အကြောင်းပြချက်ဖြင့် ပြည်ပတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသည်။

 

အင်န်အိတ်ချ်ကေ 

 

No comments

Powered by Blogger.