ဥပဒေရေးရာဝန်ကြီးဌာန ဝန်ထမ်းများအတွက် နှစ်ဦးကာလ ဆန်၊ ဆီ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၆
ဥပဒေရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော
ဝန်ထမ်းများကို ၂၀၂၃ ခုနှစ်၊ နှစ်ဦးကာလအတွက် ဆန်၊ ဆီ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို
ယနေ့ မွန်းလွဲ ၁ နာရီတွင် ဝန်ကြီးဌာနမြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့်
ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက အရာထမ်း၊ အမှုထမ်းများ၏ သက်သာချောင်ချိရေး
အထောက်အပံ့ဖြစ်စေရန် ဥပဒေရေးရာဝန်ကြီးဌာန၏
ဥပဒေစာအုပ်များ ထုတ်ဝေခြင်းနှင့် သက်သာချောင်ချိရေး ရန်ပုံငွေမှ ပေးအပ်ခြင်းဖြစ်ကြောင်း၊
နှစ်သစ်တွင် ပျော်ရွှင်တက်ကြွစွာဖြင့် တာဝန်ကျေပွန်စွာ ရုံးလုပ်ငန်းများ ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က
ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများထံသို့ ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်ချီးမြှင့်ပြီး
ဝန်ထမ်းများကိုယ်စား အရာထမ်းတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား
ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments