သီရိလင်္ကာနိုင်ငံ၌ ဇန်နဝါရီလအတွင်း နိုင်ငံခြားခရီးသွား ၁၀၀၀၀၀ ကျော် လာရောက်

 


ဖေဖော်ဝါရီ ၂

သီရိလင်္ကာနိုင်ငံတွင် ၂၀၂၃ ခုနစ် ဇန်နဝါရီလအတွင်း နိုင်ငံခြားခရီးသွားဦးရေ ၁၀၀၀၀၀ ကျော် ရောက်ရှိကြောင်း ခရီးသွားလာရေးဝန်ကြီး ဟာရင်ဖာနန်ဒိုက ယမန်နေ့က ပြောကြားသည်။

နိုင်ငံအတွင်း ပြီးခဲ့သည့်နှစ် ဇန်နဝါရီလက ရောက်ရှိခဲ့သည့် ခရီးသွား ၈၂၃၂၇ ဦး ရှိရာ ယခုနှစ် ဇန်နဝါရီလအတွင်းရောက်ရှိခဲ့သည့် ခရီးသွား ၁၀၂၅၄၅ ဦးရှိသဖြင့် ခရီးသွားဦးရေ မြင့်တက်လာသည်ဟု ဖာနန်ဒိုက မီဒီယာသို့ ပြောကြားခဲ့သည်။

ခရီးသွားလုပ်ငန်းများမြှင့်တင်ဆောင်ရွက်ခဲ့ပြီး တိုးတက်လာသောအခြေအနေတို့ကြောင့် နိုင်ငံအတွင်း ခရီးသွားဧည့် လာရောက်မှုမြင့်တက်လာသည်ဟု ၎င်းကဆိုသည်။

၂၀၂၂ ခုနှစ်အတွင်း နိုင်ငံသို့ လာရောက်သည့်ခရီးသွားဦးရေ ၇၁၉၉၇၈ ရှိသည်ဟု ထိုဝန်ကြီး၏ပြောကြားချက်အရ သိရသည်။

ခရီးသွားလုပ်ငန်းမှ ၂၀၂၁ ခုနှစ်က အမေရိကန်ဒေါ်လာ ၅၀၇ သန်းဝင်ငွေရရှိခဲ့ပြီး ၂၀၂၂ ခုနှစ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကျော် ဝင်ငွေရရှိသည်ဟုခန့်မှန်းတွက်ချက်ထားကြောင်း ဗဟိုဘဏ်ကပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.