ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်(EMP) အစီရင်ခံစာ ရေးဆွဲရေးဆိုင်ရာ သင်တန်းဖွင့်လှစ်



နေပြည်တော် ဖေဖော်ဝါရီ ၂


ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်(EMP) အစီရင်ခံစာ ရေးဆွဲရေးဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 


အခမ်းအနားသို့ နေပြည်တော် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တက်ရောက်၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန် ပတ်ဝန်းကျင်၊ လူမှုရေး၊ စီးပွားရေး မဏ္ဍိုင်သုံးရပ်ကို ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိတို့၏ စီမံကိန်း/ စီးပွားရေး လုပ်ငန်းများကြောင့် ဖြစ်ပေါ်လာနိုင်မည့် ဆိုးကျိုး သက်ရောက်မှုများကို စနစ်တကျဖော်ထုတ်၍ ပြည့်စုံကောင်းမွန်သော အစီရင်ခံစာများ ရေးဆွဲတင်ပြ ကြရန်လိုကြောင်း ပြောကြားသည်။


သင်တန်းဖွင့်ပွဲအပြီးတွင် နေပြည်တော်ကောင်စီဝင်သည် နေပြည်တော် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနရုံးနှင့် နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတို့၏ ရုံး အတွင်း/ အပြင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။


နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဆောင်ရွက်ကြသည့် စက်ရုံ/ အလုပ်ရုံ လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ EMP အစီရင်ခံစာများ အဆင်ပြေချောမွေ့စွာ ရေးဆွဲတင်ပြနိုင်ရေးအတွက် ယခုသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)


No comments

Powered by Blogger.