နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ Myanmar Electronic Voting Maching (MEVM) နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ



နေပြည်တော်  ဖေဖော်ဝါရီ   ၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင် ထံ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ Myanmar Electronic Voting Maching (MEVM) တည်ဆောက် ထားရှိမှုနှင့်  ပတ်သက်၍      ရှင်းလင်းတင်ပြခြင်းကို ယနေ့ညနေပိုင်းတွင်  နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်   ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊  ကောင်စီအတွင်းရေးမှူး   ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊    တွဲဖက်အတွင်းရေးမှူး    ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊  ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး  စိုးထွဋ်၊         ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်  တာဝန် ရှိသူများ တက်ရောက်ကြသည်။


 ရှင်းလင်းတင်ပြ


ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက Myanmar Electronic Voting Maching (MEVM) စမ်းသပ်တည်ဆောက်ထားရှိမှုနှင့် ပတ်သက်၍        ထိန်းချုပ်စက်     (Control Unit)၊ ဆန္ဒပြုစက် (Ballonting Unit – Main, Extension)၊ ဆန္ဒပြုစက်မှန်ကန်မှု ရှိ/မရှိ ပြသသောစက် (Verifi-cation Unit)၊      မဲပုံးနှင့်   ဘက်ထရီများ   ဖွဲ့စည်း တည်ဆောက်ထားရှိမှု၊   ထည့်သွင်းအသုံးပြုထားသည့်စက်များနှင့်  အသုံးပြုရခြင်း ရည်ရွယ်ချက်များ၊ သုံးသပ်အကြံပြုတင်ပြချက်များ၊     အရေအတွက် အများအပြား  ထုတ်လုပ်ရန်အတွက်  ပြင်ဆင်ရမည့် အချက်များ၊ လိုအပ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။


လမ်းညွှန်မှာကြား


ထို့နောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့်    တက်ရောက် လာကြသူများသည်  စမ်းသပ်တည်ဆောက်ထားသည့်  Myanmar Electronic  Voting Maching (MEVM) ဖြင့်  စမ်းသပ်မဲပေးမှုကို ကြည့်ရှုကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များကို    လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

           

သတင်းစဉ်

No comments

Powered by Blogger.