ရမ်းဗြဲမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အရင်းမပျောက်မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်




ရမ်းဗြဲ   မတ်   ၂၂


ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရမ်းဗြဲ မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်းနှင့် သမဝါယမဦးစီးဌာနတို့မှ  စိုက်ပျိုးရေး၊  မွေးမြူရေးထုတ်ကုန်များ   တိုးချဲ့ဆောင်ရွက်နိုင်ရန် အရင်းမပျောက်မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ပိုင်းက ရမ္မာဝတီခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းက အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် မည့် ငပြီချောင်၊ နားမူးတွေ၊  စလင်ပေါ်ကျေးရွာများသို့ ငွေကျပ်သိန်း ၄၀ဝ စီနှင့် တောင်ရင်းကျေးရွာအတွက် ငွေကျပ်သိန်း ၂၀ဝ၊ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ အကောင်အထည်ဖော်မည့် င/နွား တောင် ကျေးရွာသို့ ငွေကျပ်သိန်း ၆၀ဝ နှင့် အောင်စည်ကုန်းကျေးရွာသို့ ငွေကျပ် သိန်း   ၄၀ဝ ၊   ငါးလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော်မည့် ကျောက်နီမော်ကျေးရွာအတွက် ငွေကျပ်သိန်း ၆၀ဝ ၊  ရမ်းဗြဲမြို့ အမှတ် (၄) ရပ်ကွက်သို့ ငွေကျပ်သိန်း ၄၀ဝ၊ သမဝါယမဦးစီးဌာနမှ အကောင် အထည်ဖော်မည့် ချောင်းဘွယ်ကျေးရွာအတွက် ငွေကျပ်သိန်း ၂၀ဝ နှင့် စစ်ပြားစံပြကျေးရွာ၊  ဂြင်းတောကျေးရွာ၊   ကန့်ချုပ်ပြင်ကျေးရွာနှင့် ကျောက်ဆည်ကျေးရွာတို့အတွက်  သ/မအသင်း တစ်သင်းလျှင် ငွေကျပ် သိန်း ၁၅၀ ကို ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်လာ စေရန်နှင့်  အလုပ်အကိုင်အခွင့်အလမ်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် အရင်းမပျောက် မတည်ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)

No comments

Powered by Blogger.