နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)မှ ကျောင်းသား ကျောင်းသူများ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ(မြစ်ကြီးနား)သို့ ကွင်းဆင်းလေ့လာ
မြစ်ကြီးနား မတ် ၂၂
ဦးစွာ အီလက်ထရောနစ် အင်ဂျင်နီယာဌာနမှ ပထမနှစ် ကျောင်းသား ကျောင်းသူများအား ထပ်ဆင့်လွှင့်စက်ရုံ ရုံးခန်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတု ပြတိုက် ဖွင့်လှစ်ခဲ့သည့် မှတ်တမ်းဗီဒီယိုအား ပြသပြီး ထပ်ဆင့်လွှင့်စက်ရုံ (ကချင်ပြည်နယ်ဇုန်နယ်မှူး) အင်ဂျင်နီယာမှူး ဦးအောင်ကျော်ဇင်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတင်ထုတ်လွှင့်ခဲ့သည့် ခုနှစ်၊ နည်းစနစ်များ၊ နေပြည်တော်၊ တပ်ကုန်းရုံးချုပ်မှ ပေးပို့သည့် မြန့်မာ့အသံနှင့်ရုပ်မြင်သံကြား အစီအစဥ်များအား Thai Com ဂြိုဟ်တု နှင့် Myanmar Sat-2 ဂြိုဟ်တုတို့ဖြင့် ဖမ်းယူပြီး 100W MRTV Analogue လွှင့်စက်၊ 1KW DVB-T2 ရုပ်သံလွှင့်စက်၊ 1KW မြန်မာ့အသံ FM Radio လွှင့်စက် တို့ဖြင့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်း ထပ်ဆင့်ဖမ်းယူ ထုတ်လွှင့်ခြင်းလုပ်ငန်း ဆောင်ရွက်ပုံအဆင့်ဆင့်တို့အား လိုက်လံရှင်းလင်း ပြသသည်။
ထို့ပြင် ပြည်နယ်အတွင်းရှိ ထပ်ဆင့်လွှင့်စက်ရုံများနှင့် လုပ်ငန်းဆောင်ရွက်မှုများ၊ DVB-T2 Set-Top Box နှင့် Myanmar Sat-2 ဂြိုဟ်တုတို့မှတစ်ဆင့် C-Band စနစ်၊ Ku-Band (DTH) စနစ်များဖြင့် Digital ရုပ်သံလိုင်းများ ဖမ်းယူပုံအဆင့်ဆင့်နှင့် စက်ရုံဝင်းအတွင်းရှိ ၆၂ မီတာ တာဝါတိုင်တွင် တပ်ဆင်အသုံးပြုထားသည့် အင်တာနာများအကြောင်း၊ Thaicom နှင့် Myanmar Sat-2 ဂြိုဟ်တုစလောင်းများအကြောင်းကို ရှင်းလင်းပြသရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ မေးမြန်းလေ့လာခဲ့ကြသည်။
ပြည်နယ်(ပြန်/ဆက်)
No comments