မာလာဝီနိုင်ငံ၌ ဖရက်ဒီဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ ၃၂၆ ဦးရှိလာ



မတ် ၁၇

မာလာဝီနိုင်ငံတွင် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဖရက်ဒီတိုက်ခတ်မှုကြောင့် သေဆုံးသူ ၃၂၆ ဦးရှိလာကြောင်း ယမန်နေ့ညနေပိုင်းက မာလာဝီသမ္မတက သတင်းထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ ၂၂၅ ဦးမှ ၃၂၆ ဦးအထိမြင့်တက်လာပြီး ဒဏ်ရာရရှိသူ ၂၀၁ ဦးနှင့်ပျောက်ဆုံးနေသူ ၇၉၆ ဦးရှိကြောင်း သမ္မတ လာဇာရတ်ချာခီရာက ပြောကြားသည်။

ထိုမုန်တိုင်းကြောင့် အိုးအိမ်စွန့်ခွာရသူအရေအတွက် ၁၈၃၁၅၉ ဦးအထိရှိလာပြီး အိမ်ထောင်စုအရေအတွက် ၄၀၇၀၂ ရှိသည်ဟု ၎င်းကဆိုသည်။

ယင်းမုန်တိုင်းဘေးသင့်ဒေသတွင် ယာယီခိုလှုံရေးစခန်း ၃၁၇ ခုဖွင့်လှစ်ထားရှိကြောင်း သိရသည်။

နိုင်ငံအကြီးအကဲက တစ်ဦးချင်း၊ ပြည်တွင်းနှင့်ပြည်ပအဖွဲ့အစည်းများထံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များပိုမိုလိုအပ်ကြောင်း အလေးအနက်ထားပြောကြားခဲ့သည်။

ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်များက ထိုမုန်တိုင်းဘေးသင့်ဒေသမှဒေသခံများအား အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.